Home

chinese japan korea englishmyanmar

 

ITPEC Questions Formulation Meeting (QFM) 2016

Information Technology Promotion Agency (IPA) နှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် MCF တို့ ပူးပေါင်းပြုလုပ်သည့် ITPEC Questions Formulation Meeting (QFA) 2016 ကို မန္တလေးတိုင်း၊ ဟိုတယ် ရွှေပြည်သာတွင် ၁-၆-၂၀၁၆ မှ  ၃-၆-၂၀၁၆ ထိ ၃ ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါသည်။

itpec

ITPEC Question Formulation Meeting (Mandalay)

ASEAN ICT Awards 2016 ပြိုင်ပွဲဝင်များဖိတ်ခေါ်ခြင်း

ASEAN မှနှစ်စဉ်ကျင်းပမြဲဖြစ်သော ASEAN ICT Awards 2016 ပြိုင်ပွဲအား မြန်မာနိုင်ငံမှပါဝင်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ စိတ်ပါဝင်စားသော software developer များ၊ Entrepreneur များ၊ ကျောင်းသားကျောင်းသူများ အနေဖြင့် တစ်ဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ၊ Company အနေဖြင့်ဖြစ်စေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။

Read more ...

2016 WITSA Global ICT Excellence Awards ပြိုင်ပွဲဝင်များဖိတ်ခေါ်ခြင်း

The World Information Technology and Service Alliance (WITSA) မှဦးစီးကျင်းပသော “ Global ICT Excellence Awards” ပြိုင်ပွဲကို မြန်မာနိုင်ငံမှပါဝင်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် မှစီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ တစ်ဦးတစ်ယောက်ချင်းသော်၎င်း၊ Academic တက္ကသိုလ်များ ၊ Corporation များ၊ အစိုးရအဖွဲ့အစည်းများမှ၎င်း၊ အစိုးရအဖွဲ့အစည်းမဟုတ်သော NGO များဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။

Read more ...

 

IPEC Examination (IP)

(Held on 24 April 2016)

Exam Result

Date: 7 May 2016

Read more...

IPEC Examination (FE)

(Held on 24 April 2016)

Exam Result

Date: 7 May 2016

Read more...

 

Natioanal ICT Awards 2015 (Educational Project) ဆုပေးပွဲနှင့် ပရောဂျက်များခင်းကျင်းပြသပွဲ

ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းတို့ ပူပေါင်းကျင်းပသည့် National ICT Awards 2015 (Educational Project) ဆုပေးပွဲနှင့် ပရောဂျက်များခင်းကျင်းပြသပွဲကို ၂၆.၃.၂၀၁၆ (စနေနေ့) MICT Park, Conference Hall တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါပွဲတွင် အမျိုးသားအဆင့်ပြိုင်ပွဲဝင်ဆုရ ပရောဂျက်(၁၉) ခုကိုခင်းကျင်းပြသထားပါသည်။

Read more...

National ICT Award 2015

လူကြီးမင်းများရှင့်

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ကျင်းပြုလုပ်ခဲ့သည့် National ICT Award 2015 (Educational Project) အတွက်၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် အပြီးသတ်စိစစ်ရွေးချယ်ခဲ့ပြီး Education Project of the Year 2015 ဆု (၄)ဆု နှင့် နှစ်သိမ့်ဆု (၁၂)ဆု ရရှိသော စာရင်းကို ကြေငြာပြီး ဖြစ်ပါသည်။

ယခုအခါ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ National ICT Award 2015 (Educational Project) ဆုချီးမြှင့်ပွဲ နှင့် အမျိုးသားအဆင့်ပြိုင်ပွဲဝင် နှင့် ဆုရှိသောပရောဂျက်များ ခင်းကျင်းပြသပွဲ ကို ၂၀၁၆ခုနှစ်၊ မတ်လ (၂၆) ရက် စနေနေ့ နံနက်(၉)နာရီ မှ ညနေ (၅:၀၀)နာရီထိ လှိုင်တက္ကသိုလ်နယ်မြေရှိ MICT Park အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရန်စီစဉ်ထား ပါသည်။

ထိုပွဲတွင် Education Project of the Year 2015 ဆု (၄)ဆု နှင့် နှစ်သိမ့်ဆု (၁၂)ဆု ရရှိသော Project များ၊ IT Business Plan Contest 2015 ဆုရရှိသော Project များနှင့် World ITU Telecom (Young Innovator Competition) အတွက်ဆုရရှိသော Project တို့ကိုခင်းကျင်းပြသထားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အဆိုပါဆုချီးမြှင့်ပွဲ နှင့် ပရောဂျက်များ ခင်းကျင်းပြသပွဲ အခမ်းအနားကို တက်ရောက် လေ့လာနိုင်ပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်

invitation-03
invitation-04

Myanmar Skills 2016-Press Show

Myanmar Skills 2016 − Web Design Skill ပြိုင်ပွဲ

ရည်ရွယ်ချက်

  • မြန်မာလူငယ်ပညာရှင်များ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုများအားမြှင့်တင် ပေးရန်။
  • ခေတ်မီပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများ၊ အတွေ့အကြုံများနှင့် နည်းပညာတီထွင်ဆန်းသစ်မှုများအား အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲများမှ တဆင့် လက်ဆင့်ကမ်း ရရှိနိုင်ရန်။
  • ကျွမ်းကျင်မှုများအား လေ့ကျင့်မြှင့်တင်ခြင်း၏ အရေးပါအရာရောက်ပုံကို အစိုးရ၊ အသက်မွေးဝမ်း ကျောင်းဆိုင်ရာ ပုဂ္ဂလိကသင်တန်းများနှင့် လုပ်ငန်းများအနေဖြင့် ပိုမိုနားလည်လာစေရန်။
  • ASEAN Skills ပြိုင်ပွဲအတွက်ကြိုတင် ပြင်ဆင်ရာတွင် အကြံဉာဏ်များနှင့် အထောက်အပံ့များ ရရှိနိုင်ရန်။

Read more...

MCIA ဘားအံ ရုံးဖွင့်ပွဲနှင့် MCF retreat ပြုလုပ်မည်

ကရင်ပြည်နယ် ကွန်ပျူတာ လုပ်ငန်းရှင် အသင်းရုံး ဖွင့်ပွဲကို ဖားအံ့မြို့တွင် အောက်ပါအတိုင်း ကျင်းပမည် ဖြစ်ပြီး၊ ယင်းဖွင့်ပွဲ အပြီးတွင် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် အမှုဆောင်များလည်း ဆက်လက်၍ ၂၀၁၆ ခုနှစ်အတွက် လုပ်ဆောင်စရာ ရှိသည်များနှင့်ပတ်သက်၍ အစည်းအဝေးများ ဘားအံမြို့တွင်ပင် ဇန်နဝါရီလ ၈-၁၀ ရက်နေ့များအတွင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

 

IT Business Plan Contest 2015 (Final Selection Results)

it-business-plan-awardIT Business Plan Contest 2015 ၏ နောက်ဆုံး ပြိုင်ပွဲအောင်မြင်သူများ စာရင်းကို ထုတ်ပြန် ကျေညာလိုက်ပါပြီ။

 

Read more...

မေးစရာများ ရှိရင် မေးပါ။ ထင်မြင်ချက်လည်း ပေးခဲ့ပါ။ ကျေးဇူးတင်ပါတယ်။

chinese japan korea englishmyanmar